(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၄ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံတဲ့ဇုန်တခု Safe Zone ဖန်တီးဖို့ ခုရက်ပိုင်းမှာ အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီ Safe Zone ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားရေး အကြပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းဌာနတခုကို ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ဒက္ကားမြို့မှာ တွေ့ဆုံစဥ် အဲလိုပြောဆိုခဲ့တာလို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် […]