ylliX - Online Advertising Network

မြန်မာ့အရေး သဘောထားတင်းမာသူ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး ရက်နိုမာဆူဒီနေရာတွင် ဝန်ကြီးအသစ် အစားထိုးခန့်အပ်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း( အောက်ပုံ)နှင့် ဝန်ကြီးအသစ် ၂၁.၁၀. ၂၀၂၄Written by Shwe Phyo အင်ဒိုနိးရှား သမ္မတအသစ် ပရာဘိုဝီ ဆူဘီယမိုသည် မြန်မာ့အရေးသဘောထားတင်းမာသူအဖြစ် လူသိများသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနေရာတွင် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။ အင်ဒိုနီးရှားသမ္မတအသစ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီသည် အောက်တိုဘာ ၂၀ ရက်နေ့က အင်ဒိုနီးရှားအစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အေဂျင်စီအကြီးအကဲများအမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ Gerindra Party ပါတီ ဒုတိယအကြီးအကဲဖြစ်သူ ဆူဂျီအိုနိုအား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်မှုသည် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာတွင် ဦးဆောင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအပြီးတွင်လည်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် SAC အစိုးရမပါဝင်ဘဲ အမေရိကန်နှင့် အနောက်အုပ်စုများ၊ ဥရောပသမဂ္ဂနှင့် […]