မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) မှ အဖွဲ့ခေါင်းဆောင် ဦးမျိုးသွင်နှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း ရာဂိ(Yagi) မုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရေးဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များက ၁၅.၉.၂၀၂၄ ရက်နေ့တွင် ပထမအကြိမ်အဖြစ် တောင်ငူနှင့် နေပြည်တော် အနီးတဝိုက်ရှိ ရေဘေးသင့်ပြည်သူများ၏ ကယ်ဆယ်ရေး ဘုန်းကြီးကျောင်းနှင့် ပရဟိတ ဂေဟာများသို့ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အလှူငွေများ၊ လတ်တလောလိုအပ်နေသော အဝတ်အထည်များ၊ အစားအစာများနှင့် လိုအပ်နေသော ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့ရာ တောင်ငူမြို့ရေဘေးသင့်ပြည်သူများကိုယ်စား ဒေါက်တာမြသောင်း၊ တောင်ငူဆေးရုံအုပ်ကြီး(ငြိမ်း)၊ ဆရာတော် စောစတီဗင်၊ ဆရာတော် စောရှီးရှိ၊ ဆရာတော် စောတင်အုန်း၊ သံတောင်ကြီး သင်းအုပ်ဆရာတော်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် တောင်ငူသာသနာပိုင်တို့ထံသို့ […]
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) အနေဖြင့် ယခုလတ်တလော နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့်ဒေသများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ မတည်အလှူငွေ သိန်း(၅၀)ကျပ် ထည့်ဝင်၍ လိုအပ်သည်များသွားရောက်လှူဒါန်းသွားရန် စီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ညီနောင်အသင်းများနှင့် အသင်းဝင်များအားလုံးမှ တတ်အားသရွေ့ ပူးပေါင်းပါဝင်လှူဒါန်းပေးနိုင်ပါရန်နှင့် အခြားသောလှူဒါန်းလိုသူများအနေဖြင့်လည်း အောက်ဖော်ပြပါငွေစာရင်းနံပါတ်များသို့ အလှူငွေများ ထည့်ဝင်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ BankMyanma Tourism Bank (Call Deposit A/C)Account Name : Myanmar Tourism Federation (Finance Committee)Account No : 00101417001000618002KpayAccount Name : Daw Moe Moe Lwin Kpay Phone Number : 09-250065031(Kpay […]