ylliX - Online Advertising Network
Loading

■ ရေဘေးသင့်ပြည်သူများအတွက် တတ်အားသရွေ့သွားရောက်လှူဒါန်းခြင်း


Loading

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ‌ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) မှ အဖွဲ့ခေါင်းဆောင် ဦးမျိုးသွင်နှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း ရာဂိ(Yagi) မုန်တိုင်းဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရေးဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များက ၁၅.၉.၂၀၂၄ ရက်နေ့တွင် ပထမအကြိမ်အဖြစ် တောင်ငူနှင့် နေပြည်တော် အနီးတဝိုက်ရှိ ရေဘေးသင့်ပြည်သူများ၏ ကယ်ဆယ်ရေး ဘုန်းကြီးကျောင်းနှင့် ပရဟိတ ဂေဟာများသို့ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အလှူငွေများ၊ လတ်တလောလိုအပ်နေသော အဝတ်အထည်များ၊ အစားအစာများနှင့် လိုအပ်နေသော ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့ရာ တောင်ငူမြို့ရေဘေးသင့်ပြည်သူများကိုယ်စား ဒေါက်တာမြသောင်း၊ တောင်ငူဆေးရုံအုပ်ကြီး(ငြိမ်း)၊ ဆရာတော် စောစတီဗင်၊ ဆရာတော် စောရှီးရှိ၊ ဆရာတော် စောတင်အုန်း၊ သံတောင်ကြီး သင်းအုပ်ဆရာတော်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် တောင်ငူသာသနာပိုင်တို့ထံသို့ အလှူငွေ သိန်း(၂၀)ကျပ်၊ အဝတ်အထည်နှင့် အစားအသောက်များအား လှူဒါန်းခြင်း၊ နေပြည်တော် သဝတ္ထိ-လယ်ဝေးမြို့ရှိ ရေဘေးသင့်ပြည်သူများကိုယ်စား မဟာပရဟိတဂေဟာ -စမတောင် ကျောင်းအုပ်ဆရာတော် ဦးညဏိန္ဒထံသို့ အဝတ်အထည်နှင့် အစားအသောက်များအား လှူဒါန်းခြင်း၊ ရေနီ၊ တောင်စဥ်အေးဘုန်းကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများကိုယ်စား ကျောင်းထိုင်ဆရာတော်ထံသို့ အလှူငွေ(၁၀)သိန်းကျပ်၊ အဝတ်အထည်၊ အစားအသောက်နှင့် ဆေးဝါးများအသီးသီး လှူဒါန်းခဲ့ကြပြီး ရေဘေးသင့်ကျေးရွာများသို့ ဒေသခံ ပရဟိတအဖွဲ့များနှင့် အတူ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ၄င်းအပြင် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး အဖွဲ့များထံသို့ အဖွဲ့ချုပ်ကိုယ်စား အလုပ်အမှုဆောင် ဦးမျိုးမင်းဇော်မှ ငွေကျပ်သိန်း (၅၀)တန်ဖိုးရှိ ဆန်၊ ဆီနှင့် ရေသန့်များ သွားရောက်လှူဒါန်းပေးခဲ့ပြီး ယနေ့အထိ အလှူရှင်များထံမှ အလှူပစ္စည်းများနှင့် ကောက်ခံရရှိ ငွေကျပ် ( ၂၀,၅၈၀,၀၀၀ိ/-) (နှစ်ရာ့ငါးသိန်းရှစ်သောင်း) မှ ငွေကျပ်သိန်း(၁၀၀)အား အဆိုပါနေရာများသို့ လှူဒါန်းထားပြီး အခြားလိုအပ်သော နေရာများသို့လည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။ Sep 19,2024__11:11AM Photo:MTF

 

  



Source link

Leave a Reply

Your email address will not be published. Required fields are marked *