ပုဂ္ဂလိကပိုင် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Forever Group ကုမ္ပဏီက စီးပွားရေးလုပ်ငန်းအချို့ရပ်ဆိုင်းရန် ဆုံးဖြတ်ကာ ဝန်ထမ်းအများပြားကို ဇွန်နှင့် ဇူလိုင် အတွင်း အသုတ်လိုက်ခွဲ၍ အနားပေးခဲ့ကြောင်း သိရသည်။ MRTV – 4, Channel 7 ရုပ်သံလိုင်းအပါဝင် ရေဒီယို၊ ရုပ်ရှင်နှင့် အခြားဖျော်ဖြေရေးလုပ်ငန်းပေါင်းများစွာ လည်ပတ်လုပ်ကိုင်နေသလို အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ဇာတ်ကားများကို အဓိကပံ့ပိုးနေသည့် Forever Group ကုမ္ပဏီက ကြိုတင်အသိမပေးဘဲ အနားပေးခြင်းဖြစ်သည်ဟု အနားပေးခံလိုက်ရသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။ ၂၀၂၃ တွင် ကုမ္ပဏီဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ယခုနှစ်လယ်ပိုင်းတွင် လုပ်သက် ၁၀ နှစ်အထက်ရှိ ဝန်ထမ်းများအပါဝင် စုစုပေါင်း ၆၀၀ မှ ၇၀၀ ခန့်အနားပေးခံရသည်ဟု ခန့်မှန်းကြောင်း ၎င်းက […]