ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်မှာ Dark Shadow UG အဖွဲ့က အဝေးထိန်းမိုင်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်နီ(ကယား)ပြည်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွဖြစ်တယ်ဆိုတာကို ပြသလိုတာကြောင့် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့ အတူတကွရှိကြောင်းပြသတာပါ။ အခုလို အထိမ်းအမှတ်တွေမှမဟုတ်ပါဘူး။ ဒီကောင်(စစ်ကောင်စီ)တွေကို အခါအခွင့်သင့်တိုင်း တိုက်ခိုက်သွားမှာပါ” လို့ Dark Shadow အဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်အရိပ်(ခ)ပန်ဒါက CJ Platform ကို ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘဲ Dark Shadow အဖွဲ့ဝင်တွေအနေနဲ့ […]
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို ရွှေဆိုင်ပိုင်ရှင် အိမ်ရှေ့မှာ လူလေးယောက်က လုယက်ခဲ့ပြီးနောက် အဲဒီ လေးယောက်ထဲက သုံးယောက်ကို သက်သေခံတွေနဲ့အတူ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လုယက်မှုဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ကာ လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် အေးရိပ်မွန်လမ်းမကြီပေါ်က ခြံအမှတ် ၂ ရှေ့မှာ လုယက်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်မှာ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ လုယက်သူတွေထဲပါဝင်တဲ့ ထက်အောင်ခိုင် ရဲ့ ဇနီးဖြစ်သူ မသက်ထားခိုင် (ခ) ရည်မွန်အေးကို တောင်ဥက္ကလာ ၅ ရပ်ကွက် ပါရမီလမ်းနဲ့ သုမင်္ဂလာလမ်းဆုံမှာ စစ်ဆေးခဲ့ရာကနေ ဘေးလွယ်အတွင်း ပလက်တီနမ် ရွှေဖြူဆွဲကြိုး ရှစ်ကုံးနဲ့အတူ […]