နေပြည်တော်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၃) နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသူတို့မှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကပ်လျက် သဖန်းဇင်ရွာနှင့် ရွှေကဇောင်းရွာတို့မှ ယောကျ်ားလေးတစ်ဦး၊ သူ၏ မိခင်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောကြသည်။ “သဖန်းဇင်ရွာမှာ လူစုရုံးနေတယ်ဆိုပြီး သတင်းပေးတာကို PDF တွေ ရောက်နေတယ်ဆိုပြီး စစ်တပ်က ဒရုန်းဗုံးနဲ့ ကြဲတာ၊ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ပွဲပြီးချင်းသေပြီး ဒဏ်ရာရတဲ့သူ တွေလည်း ရှိတယ်” ဟု […]