Skip to content Honor က X5b နဲ့ X5b Plus အမည်ရ တန်ဖိုးနည်း စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းတွေရဲ့ Specs တွေဟာ အများစု တူညီကြပြီး Plus က အနည်းငယ်ပိုကောင်းပါတယ်။ Honor X5b နဲ့ X5b Plus မှာ LTE ပဲ ထောက်ပံ့တဲ့ Helio G36 Chipset မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8.0 ပါပါတယ်။ 6.56” LCD 720p Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch […]
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၄ အင်ဒိုနီးရှားက မြန်မာ့အရေး ဆွေးနွေးပွဲ၊ အာဆီယံ ထိပ်သီးညီလာခံနဲ့ နောက်ထပ်ကျင်းပဖို့ ရှိတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲများ ခုရက်ပိုင်းအတွင်း လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ပုံမှန်အာဆီယံ ထိပ်သီးညီလာခံ နဲ့ ညီလာခံမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အကြိုဆွေးနွေးပွဲ၊ ဒါ့အပြင် လာမယ့် ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး စီစဥ်မယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ အစရှိတဲ့ ဆွေးနွေးမှုတွေ တခုပြီးတခု ခပ်စိပ်စိပ် ကျင်းပနေကြခြင်းဟာ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခမှာပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်ခိုက်တာရပ်တန့်ပြီး စာပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ အိမ်နီးချင်းနိုင်ငံအချို့နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့တို့က တိုက်တွန်းနေတဲ့ အနေအထားကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ အခုလတ်တလော […]