(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ တမြို့ပြီးတမြို့ အသိမ်းခံနေရသလို၊ နောက်ထပ် တိုင်းစစ်ဌာချုပ်ကြီးတခုလည်း ပါလုပါခင် ဖြစ်နေတဲ့ ကာလမျိုးမှာတောင် ကြင်စိုးက ပြုံးလိုက် ရယ်လိုက်နဲ့ ဆိုတော့၊ ဘေးနားကလူတွေ စိတ်ထဲ သို့လော သို့လော ဖြစ်လာကြတယ်။ အင်း၊ အရင်လို ယဉ်ယဉ်လေး ရူးနေတာကနေ၊ အခုတော့ သွက်သွက်ခါအောင် ရူးသွားခဲ့ပြီလား ဆိုပြီး တွေးစပြုကုန်ကြတယ်။ ဘယ်လိုပဲရူးရူး ကြင်စိုးက အရူးပါး၊ အဲဒီ’ သို့လော’အုပ်စုထဲ မဲလုံးလည်း ပါနေတာကို သူက သတိထားမိတယ်။ ‘တပည့်ကျော်ကြီး မဲလုံး၊ မင်း ငါ ဘာဖြစ်နေတာလဲလို့ တွေးနေတယ် မဟုတ်လား’ မဲလုံးက စကားမှားသွားမှာစိုးလို့၊ ဘာမှပြန်မဖြေ။ ဒါပေမဲ့ ဆက်ပြောပါဦး ဘပုရဲ့ ဆိုတဲ့ စူးစမ်းအကြည့်နဲ့ ကြင်စိုးကို […]