ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး တစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ထိုးစစ်စတင်ခဲ့ပြီး ယမန်နေ့ တစ်နှစ်ပြည့်တဲ့နေ့အထိ တိုက်ပွဲ ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြားကနေ ပလက်ဝဒေသ အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ […]
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]
ရခိုင်ပြည်မြို့တော် စစ်တွေ၊ နာဇီရွာရဲစခန်းနားမှာရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က လာမယ့် နိုဝင်ဘာလ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)မတိုင်မီ ဖြိုခိုင်းထားတဲ့အပြင် ငါးသောင်းကျပ် မပေးပါက အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခွင့်မပေးဘူးလို့ အဲဒီဒေသခံတွေကို ပြောပါတယ်။ အောက်တိုဘာလ တတိယအပတ်အတွင်း စစ်ကောင်စီတပ်က သူတို့ရဲ့ လုံခြုံရေးအတွက်လို့ဆိုကာ နာဇီရွာရဲစခန်းနားက အိမ်အလုံး ၅၀ ကျော်ကို ဖြိုဖျက်ပေးရမယ်လို့ ဒေသခံတွေကို ရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပြောဆိုထားပါတယ်။ “ကိုယ်တိုင်ဖြိုမလားမေးတယ်။ ဖြိုမယ်ဆိုရင် သူတို့ကို ငါးသောင်းပေးရမယ်ပေါ့။ လိုချင်တဲ့ပစ္စည်းတွေ ယူသွားခွင့်ပေးမယ်။ မပေးနိုင်ရင် သူတို့ဖြိုပစ်မယ်။ ဘာတစ်ခုမှ ယူခွင့်မပေးဘူး။ သူတို့ဖြိုပြီးမှ ငွေပေးမယ်ဆိုရင်လည်း လက်မခံဘူးပြောတယ်” လို့ နာဇီရွာခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နေအိမ်တွေဖြိုဖျက်ဖို့ကိုပဲ ဖိအားပေးနေပေမဲ့ အကူအညီပေးဖို့ ပြောတာမျိုး […]
ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ […]
ရခိုင်ပြည်ရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် ( AA) တို့ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေနဲ့ ဆုတ်ခွာထွက်ပြေးရတာတွေရှိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။ ဂွမြို့နယ်၊ ကြွေချိုင်ရွာထိပ်ရှိ တောင်ပိန္နဲရိပ် စားသောက်ဆိုင်အနီး စစ်ကောင်စီတပ် စစ်ကြောင်းကို AA က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ “မနက်အစောကြီးရှိသေးတယ်။ အပြန်အလှန်ပစ်နေတာ တော်တော်ကြာတယ်။ စစ်တပ်က အငိုက်မိသွားတာ။ သေတဲ့လူလည်း အတော်များတယ်။ ပြန်မဆွဲနိုင်ဘူး။ လက်နက်တွေလည်းထားခဲ့ပြီး ထွက်ပြေးသွားတယ်”လို့ CJ Platform ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ စစ်ကောင်စီနဲ့ […]
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်က ကြွေချိုင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် တပ်ဆုတ်ထွက်ပြေးသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ ကြွေချိုင်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆုတ်ခွာသွားကြပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သူတို့တိုက်ပွဲမှာ အကျအဆုံးများလို့ စစ်ကားတွေနဲ့ ထွက်ပြေးသွားကြတာ။ ဂွမြို့ဘက်ကို ဆုတ်တယ်လို့တော့ ထင်ရတယ်။ သူတို့တပ်ဆုတ်ပြီးတော့ လေယာဉ်တွေနဲ့လည်း ကြွေချိုင်ဘက်ကို ဗုံးလာကြဲသေးတယ်” လို့ သူက ပြောပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။ […]
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ မျက်နှာဖုံးစွပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီခံရတဲ့ သူနာပြုဆရာမဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်အထိ မလွတ်မြောက်လာသေးဘူးလို့ ဆိုပါတယ်။ သူဟာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းပေါ်ရှိ ရွှေစင်ဆေးဆိုင်က သူနာပြုဆရာမ ဒေါ်ချိုချိုမောင်ဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “လပြည့်ညမှာပဲ သူ့ကို အိမ်ကနေ ခေါင်းကို အိတ်အနက်စွပ်ပြီး တပ်က ကားနဲ့ လာဖမ်းသွားတယ်။ စစ်တပ်က ရဲမေတွေ ပါတယ်။ သူ့ရဲ့ သမီးလေးတွေ အော်ငိုကျန်ခဲ့ကြတယ်။ အခုထိ ပြန်လွတ်မလာသေးဘူး”လို့ ဆိုပါတယ်။ ဖမ်းဆီးမှုနဲ့ […]