စစ်ကောင်စီက ရခိုင်ရိုးမနှင့် ထိစပ်နေသည့် နေရာများမှ ကျေးရွာ၂၀ ကျော်ကို ယခုလအတွင်း ဖယ်ရှား ပေးရန် ခြိမ်းခြောက်နေသဖြင့် လူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ယခုလ ၂၁ ရက်နောက်ဆုံးထားကာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် နှင့် ဂွမြို့နယ်ရှိ ရွာတချို့အပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်ခန့်ကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်ဟု ဒေသခံ များထံမှသိရသည်။ ထိုနေရာသည် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်နှင့် နယ်မြေထိစပ်နေသော နေရာဖြစ်ပြီး မပြောင်းပါက လေယာဉ်ဖြင့် ဗုံးလာချမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုသော ကြောင့် ဘေးလွတ်ရာသို့ ကြောက်လန့်တကြားရွှေ့ပြောင်းနေရကြောင်း ဒေသခံတချို့က ရခိုင်တပ် AA နှင့်နီးစပ်သည့် Arakan Princess သတင်းဌာနကို ပြောသည်။ စစ်တပ်က ပြောင်းရွှေ့ခိုင်းနေသည့် […]