RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ Red News Agency Source link
ရုရှားအမျိုးသားတစ်ယောက်ဟာ လေမှုတ်ဖောင်စီးပြီး ပင်လယ်ထဲ ၆၇ ရက်ကြာ မျောပါခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်မှာ အသက် ၄၆ နှစ်အရွယ် ရုရှားအမျိုးသား ပီချူဂင်ဟာ အသက် ၄၉ နှစ်အရွယ် အစ်ကိုဖြစ်သူ ဆာဂိုင်း၊ ၁၅ နှစ်အရွယ် တူဖြစ်သူ အယ်လာတို့နဲ့အတူ လေမှုတ်ဖောင်စီးပြီး ဆာခါလင်ကျွန်းကို ထွက်ခွာခဲ့ကြပါတယ်။ ရက်ပိုင်းကြာတဲ့အထိ ကျွန်းကို မရောက်လို့ မိသားစုတွေက လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့အတူ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဖောင်ကို အရိပ်အယောင်တောင် မတွေ့ရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း နည်းလာခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာတော့ သူတို့စတင်ထွက်ခွာခဲ့တဲ့နေရာကနေ မိုင် ၆၇၀ ဝေးတဲ့ အိုကော့စ်ပင်လယ်ထဲမှာ […]
ရီပါဘလစ်ကန် တွေရဲ့ အမျိုးသားညီလာခံကို မီဝါကီမြို့မှာ ဒီနေ့လုပ်နေတာ။ ဒေါ်နယ် ထရန့်လည်း လာတက်တယ်။ US မှာ မြို့တွေ အများကြီးရှိတဲ့ ထဲက ဒီမြို့ကိုဘာလို့သွားတာလဲ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ချီကာဂိုနဲ့ တစ်နာရီလောက်ဝေးတယ်။ နှစ်ဝက်လောက်က အလွန်အေးခဲနေတဲ့မြို့။ တိုးရစ်တွေလာလေ့ရှိတဲ့ မြို့လိုမျိုးမဟုတ်ဘူး။ ၂၀၂၀ စစ်တမ်းအရ 39% လူဖြူ၊ 24% လူမည်း သို့မဟုတ် အာဖရိကန်အမေရိကန်၊ 20% ဟစ်စပန်းနစ် သို့မဟုတ် လက်တင်နိုနှင့် အာရှသား 4% ရှိတယ်။ မြန်မာပြည်က လူတွေ မီဝါကီ နဲ့ပတ်သက်ရင် သိနိုင်မယ့်ဟာတစ်ခုကတော့ ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ရဲ့ မွေးရပ်မြေလို့ပြောရမယ်။ လက်ရှိတော့ ရွှေ့ပြောင်းတွေတော်တော်များများ မီဝါကီမှာ လာနေကြတယ်။ — — အိုကေ ဘာကြောင့် မီဝါကီကို […]