(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄ ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ စက်တင်ဘာလဆန်းမှာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တလကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ကမ်းခြေနိုင်ငံတွေမှာလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသလို ကုန်းတွင်းဝင်ရောက်လာရာမှာ မုန်တိုင်းအကြွင်းအကျန် တိမ်ထုတွေ လေပွေလှိုင်းတွေကြောင့် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုက လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ မြန်မာနိုင်ငံတွေ မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော်လည်း လူ့အသက်ဆုံးရှုံးမှုမှတော့ မုန်တိုင်းရဲ့ […]