ylliX - Online Advertising Network

အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် ပြည်သူလူထုမှမဟုတ် မဟာမိတ်တပ်များအပေါ်တွင်လည်း ရိုင်းပြစွာ ကျူးလွန်မိပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုအပေါ် ကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စစ်စည်းကမ်း ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိမ်းလိုက်နာသော တပ်ဖြစ်သည်ဟု အမှတ် (၁၂၂၂) တပ်ရင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ထုတ်ပြန်ထားသည်။ #RedNewsAgency #RedNews #RNA Source link

မိုးကုတ်၊ မိုးမိတ် TNLA ထံ အခွန်မဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေး၊ ရွှေ(၁၀)ပိဿာ အခွန်ကိစ္စ ညှိနှိုင်းနေဟုဆို – သျှမ်းသံတော်ဆင့်

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပေးဆောင်ရန် TNLA မှ မိုးကုတ်နှင့် မိုးမိတ်တကြောရှိ ရွှေမျှောပိုင်ရှင်များထံ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ ကောက်ခံခဲ့ရာ ခွဲတမ်းကျ သတ်မှတ်လိုက်သော်လည်း မြစ်ဆုံနှင့် မိုးဟောက်ရွှေတောဘက်မှ မျှောပိုင်ရှင်အချို့မှာ အခွန်မပေးဆောင်နိုင်ခြင်းကြောင့် မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။ “မျှောတွေကို ခွဲတမ်းတော့ ပစ်ထားပြီ၊ တချို့လည်း မပေးနိုင်လို့ မန္တလေးဘက်ကို ရှောင်ကြတယ်။ အခုလောလောဆယ်တော့ သူတို့ TNLA က ရက်ပြန်ဆုတ်ပေးတာပေါ့။ ရက်ထက်တိုးထားပေးတာ ဒီလကုန်အထိပဲ။ လုံးဝ မပေးနိုင်တဲ့လူကတော့ မျှောထဲကနေ စက်တွေထုတ်ပြီးတော့မှ အပြင်ထွက်နေပေါ့ အဲ့လို”ဟု […]