ylliX - Online Advertising Network

မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ

နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကို မေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့် ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူး တတွဲတွဲ ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့် ရာသီဥတုတို့ကို ရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာ ယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် […]