ylliX - Online Advertising Network

(၂၂) ကြိမ်မြောက် Zifam မိသားစု စုပေါင်းမဟာဘုံကထိန် • Zifam Myanmar

(၂၂) ကြိမ်မြောက် Zifam မိသားစု စုပေါင်းမဟာဘုံကထိန်============================= 📌 (၂၀၂၄)ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက် (အင်္ဂါနေ့)တွင် Zifam မိသားစုဝင်များမှ (၂၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အဖြစ် ကထိန်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ယခုလို ဆက်ကပ်လှူဒါန်းခဲ့ပါသည် 📌ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၈၅) ရပ်ကွက် ပုဏ္ဏမီလမ်းတွင်ရှိသော ရွှေပြည်အေးပရိယတ္တိစာသင်တိုက်ရှိ စာချစာသင် သံဃာတော်များအတွက် ပရိယတ္တိသာသနာ ချမ်းချမ်းသာသာ ပြုနိုင်ရန်အတွက် ဆောက်လုပ်မည့် သုံးထပ်ကျောင်းဆောင် ကုသိုလ်အတွက် စုပေါင်းမတည်ငွေ (၁၈၇) သိန်းကိုလည်း လှူဒါန်းခဲ့ပါသည်။ 📌 အဆိုပါကောင်းမှုကုသိုလ်အစုစုတို့အတွက် မြန်မာပြည်သူပြည်သားများ အားလုံးထပ်တူထပ်မျှရရှိစေရန် Zifam မိသားစုဝင်များမှ ပေးဝေငှပါသည်။ #Zifamfamily#donations #gooddeeds#buddha #pray#ရန်ကုန်မဟာဘုံကထိန်အလှူတော်#Zifam #CaringforWellbeing   Source link

ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ဖြတ်ခံရမှု ဖော်ထုတ်မည်ဟု NUG ပြော – Myanmar Now

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၆ရက်)တွင် ထုတ်ပြန်သည်။  ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနှင့် သုံးလအရွယ် သမီးငယ်တို့မှာ ပြီးခဲ့သည့်နိုဝင်ဘာ ၄ ရက်နေ့က ကနီမြို့နယ်၊ တပုန်းရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ “ကိုဝင်းဌေးက အိပ်ယာထဲမှာ ဓါးနဲ့ထိုးသတ်ခံရတဲ့ အနေအထားပေါ့။ အိပ်တာတောင် ပုံမပျက်ဘူးပေါ့။ မိန်းမဖြစ်သူကတော့ ကုတင်ပေါ်ကနေ မြေကြီးပေါ်ကို ဇောက်ထိုးအနေထားနဲ့ သူကတော့ ရုန်းရင်းဆန်ခတ်နဲ့ ခုတ်ခံရတဲ့အနေအထားလို့ မျက်မြင်တွေ့တဲ့သူတွေက ပြောတယ်။ သားအမိ သားအဖသုံးယောက်ပဲရှိတာပေါ့။ ကလေးကတော့ လည်ပင်းကို ဓါးနဲ့လှီးထားတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး […]

မိသားစု Horror ဒရာမာဇာတ်လမ်းပုံစံ “ဇော” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ

၃.၁၁.၂၀၂၄Written By Thandar မိသားစု Horror ဒရာမာဇာတ်လမ်းပုံစံ “ဇော” ဇာတ်လမ်းတွဲ Press Conference Show ကို ယနေ့ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Kantaryar Shopping Center ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။ ” ဒီ “ဇော” ဇာတ်လမ်းတွဲက ကျွန်တော့်ရဲ့ Horror အနေနဲ့ ပထမဦးဆုံးဖန်တီးတဲ့ ကားလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းလေးက မိသားစုဒရာမာဇာတ်လေးကိုမှ ထိတ်လန့်ခြောက်ခြားစရာဇာတ်လေးပေါ့။ ပရိသတ်တွေ အကြိုက်တွေမှာလည်း ဖြစ်မှာပါ။ ဒီကားရိုက်ချိန်မှာ Shooting break လိုက်ရသောနေ့က အဖြစ်အပျက်လေးတစ်ခု သရဲကားတွေချည်း ရိုက်ခဲ့တာ တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ တကယ်အမှတ်တရလည်းဖြစ်ပါတယ်”လို့ ဒါရိုက်တာ အာကာစိုးဦးက ပြောပါတယ်။ […]

ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့ – iMyanmarHouse.com

[Unicode] ကမ္ဘာကျော် သူဌေးကြီး Warren Buffett ၏ ညာလက်ရုံးဟု ဆိုနိုင်သူ ချာလီ မန်ဂါ (Charlie Munger) သည် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် မျှော်လင့်မထားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ သန်း ၉၀ နီးပါးကို အသက် ၃၈ နှစ်အရွယ်သာရှိသေးသော လီလူ (Li Lu) အမည်ရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လီလူမှာ ရင်းနှီးမြှုပ်နှံမှုလောကတွင် နာမည်တက်နေပြီး တရုတ်ပြည်၏ Warren Buffett ဟု အများက ရည်ညွှန်းခေါ်ဝေါ်နေကြသည်။ Charlie Munger ၏ ရင်းနှီးမြှုပ်နှံခဲ့မှုနောက်ပိုင်း ရလဒ်မှာ အံ့မခန်းပင်။ သူ၏ ရင်းနှီးမြှုပ်နှံခဲ့မှုမှာ […]