ylliX - Online Advertising Network
မိသားစု Horror ဒရာမာဇာတ်လမ်းပုံစံ “ဇော” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ

မိသားစု Horror ဒရာမာဇာတ်လမ်းပုံစံ “ဇော” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ


၃.၁၁.၂၀၂၄
Written By Thandar

မိသားစု Horror ဒရာမာဇာတ်လမ်းပုံစံ “ဇော” ဇာတ်လမ်းတွဲ Press Conference Show ကို ယနေ့ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Kantaryar Shopping Center ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

” ဒီ “ဇော” ဇာတ်လမ်းတွဲက ကျွန်တော့်ရဲ့ Horror အနေနဲ့ ပထမဦးဆုံးဖန်တီးတဲ့ ကားလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းလေးက မိသားစုဒရာမာဇာတ်လေးကိုမှ ထိတ်လန့်ခြောက်ခြားစရာဇာတ်လေးပေါ့။ ပရိသတ်တွေ အကြိုက်တွေမှာလည်း ဖြစ်မှာပါ။ ဒီကားရိုက်ချိန်မှာ Shooting break လိုက်ရသောနေ့က အဖြစ်အပျက်လေးတစ်ခု သရဲကားတွေချည်း ရိုက်ခဲ့တာ တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ တကယ်အမှတ်တရလည်းဖြစ်ပါတယ်”လို့ ဒါရိုက်တာ အာကာစိုးဦးက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ရွှေရည်ရွှန်းလဲ့နဲ့ ညမွှေးပန်း၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်း၊ မုဒြာနဲ့ Star Ria တို့က ရေးသားထားပြီး ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ၊ အကယ်ဒမီစိုးပြည့်သဇင်၊ အကယ်ဒမီမြတ်ကေသီအောင်၊ မိုးပွင့်ဖြူ၊ မင်းအာကာ၊ ဦးဝင်းမြိုင်၊ ကေညိမ်း၊ ယွန်းဝင့်လွှာအောင်၊ ဂွမ်းပုံကြီး၊ အေးသီတာ၊ သူဇာပွင့်၊ ကလေးသရုပ်ဆောင် ဖြိုးခန့် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“ဒီကားမှာ ကျွန်တော်က သရဲတွေဘာတွေ မကြောက်တတ်သူ အယုံအကြည်လည်းမရှိသူပေါ့။ အိမ်ထောင် သည် သုခကျော်ဇော ဆိုတဲ့ ကာရိုက်တာ‌အနေနဲ့ Horror Drama ဇာတ်လမ်းလေးပါ။ ချစ်ကြိုက်ကွဲညားဇာတ်လမ်းဇာတ်တွေနဲ့ မတူဘူးပေါ့နော်။ သည်းထိတ်ရင်ဖို ဖြစ်စရာလေးတွေလည်း ပါပါတယ်။ ပရိသတ်တွေရသတမျိုးခံစားရမှာပါ” လို့ သရုပ်ဆောင်ဟိန်းဝေယံကပြောပါတယ်။

အပိုင်း (၁၆)ပိုင်းပါဝင်တဲ့ ဇော ဇာတ်လမ်းတွဲကို အောက်တိုဘာ ၂၈ ရက် ည ၇ နာရီထဲက စတင်ထုတ်လွှင့်နေပြီး ယနေ့ အပိုင်း(၅)အထိရောက်ရှိနေတာလည်းဖြစ်ပါတယ်။ “ဇော” ဇာတ်လမ်းတွဲကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Mahar Application က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *