ရီပါဘလစ်ကန် တွေရဲ့ အမျိုးသားညီလာခံကို မီဝါကီမြို့မှာ ဒီနေ့လုပ်နေတာ။ ဒေါ်နယ် ထရန့်လည်း လာတက်တယ်။ US မှာ မြို့တွေ အများကြီးရှိတဲ့ ထဲက ဒီမြို့ကိုဘာလို့သွားတာလဲ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ချီကာဂိုနဲ့ တစ်နာရီလောက်ဝေးတယ်။ နှစ်ဝက်လောက်က အလွန်အေးခဲနေတဲ့မြို့။ တိုးရစ်တွေလာလေ့ရှိတဲ့ မြို့လိုမျိုးမဟုတ်ဘူး။ ၂၀၂၀ စစ်တမ်းအရ 39% လူဖြူ၊ 24% လူမည်း သို့မဟုတ် အာဖရိကန်အမေရိကန်၊ 20% ဟစ်စပန်းနစ် သို့မဟုတ် လက်တင်နိုနှင့် အာရှသား 4% ရှိတယ်။ မြန်မာပြည်က လူတွေ မီဝါကီ နဲ့ပတ်သက်ရင် သိနိုင်မယ့်ဟာတစ်ခုကတော့ ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ရဲ့ မွေးရပ်မြေလို့ပြောရမယ်။ လက်ရှိတော့ ရွှေ့ပြောင်းတွေတော်တော်များများ မီဝါကီမှာ လာနေကြတယ်။ — — အိုကေ ဘာကြောင့် မီဝါကီကို […]