(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄ တစ်နေ့က၊ တန်ဆောင်မုန်းလပြည့်ညက ရွာဦးစေတီတော်မှာ ဆီမီးပူဇော်ခဲ့တယ်။ ဆီမီးအစစ်ကြီးတော့ မဟုတ်ဘူးပေါ့လေ၊ ကာလံဒေသံနဲ့ ဖယောင်းတိုင်မီး ပူဇော်တာပေါ့။ စေတီလုံးတော်ပြည့်တော့ မတတ်နိုင်ပါဘူး၊ ဖိနပ်တော် ခေါ်သလား၊ ပန်းတင်ခုံ ခေါ်မလား၊ အောက်ခြေပေါ်မှာတင် ထွန်းညှိပူဇော်ခဲ့ပါတယ်။ ပြီးတော့ ထုံးစံ ဖြစ်နေပါပြီ၊ ‘မြန်မာနိုင်ငံ အမြန်ဆုံး လွတ်လပ်ပါစေကြောင်း’ တစ်ဆုပဲ တောင်းခဲ့ပါတယ်။ အများကြီး မဖြည့်ဆည်းနိုင်တောင်၊ တစ်ဆုတည်း တောင်းရင် အမြန်ဆုံး ပြည့်မယ် ထင်လို့ပေါ့။ မနက်ရောက်တော့ ရင်ပြင်တော်ပေါ် သန့်ရှင်းရေး ကုသိုလ်ပြုတော့၊ ဝမ်းနည်းစရာ အကြောင်းချင်းရာတစ်ခု သွားတွေ့တယ်။ အဲဒါက… ဆေးမကုတဲ့ ဆရာဝန်တွေကို ဆရာတစ်ယောက်က ‘မစပ်သော ငရုတ်သီးများ’လို့ တင်စားခဲ့ပါတယ်။ ငရုတ်သီးမှန်ရင် စပ်ရမယ်နော်။ လောကမှာ၊ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာဖို့ အတော်ခက်ပါတယ်။ ဖြစ်ထွန်းပေါ်ပေါက်ခဲတဲ့ ပညာရှင်တစ်ယောက်ဟာ အဲဒီ ကိုယ် တတ်မြောက်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ လောကကို၊ မိမိ […]