စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးတပ်အတွက် တပ်ဖွဲ့ဝင်သစ် မပေးသည့်ရွာများ မီးရှို့ခံနေရသည်ဟု သိရသည်။ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက်နေ့တွင်စတင်ပြီး ဝင်ရောက်စီးနင်းကာ အရွယ်ရောက်ပြီးအမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ လတ်တလောတွင် အရပ်သား ၁၃၀ ကျော်ကို ဖမ်းဆီးထားရပြီး ဖမ်းဆီးခံရသူအများစုသည် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျီစု ကျောက်တိုင်၊ ဝက်တိုးတောင်၊ ဝက်တိုးမြောက်၊ ညောင်ပင်ဆိပ်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီးတောင်၊ ဘူးကြီးမြောက်နှင့် ကျီကုန်းခံ စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ်သည် ကျေးရွာများသို့ဝင်ရောက်ချိန်တွင် […]