(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄ “တောင်ဘက် ကားလမ်းမထွက်ကြနဲ့နော်။ ဒီနေ့ ပေါ်တာဆွဲမှာ မထွက်နဲ့ သုံးဘီးဆရာ” တွေ့တဲ့သူတိုင်း ပြောနေတာ။ မနက်စောပိုင်း ၆ နာရီပဲ ရှိသေးတယ်။ တောရွာ တောဓလေ့ဆိုတော့ လယ်ထဲ ယာထဲ သွားမယ့်သူတွေနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း မြေပဲပေါ်တဲ့ရာသီ ဆိုတော့ ပဲဆွတ်သွားမယ့်အဖွဲ့၊ စပါးတွေ ပေါ်ခါနီးပြီဆိုတော့ လယ်ထဲသွားမယ့်သူတွေ မြို့တက်ပြီး ဈေးဝယ်ထွက်မယ့် အဖွဲ့တွေနဲ့ အားလုံးက မိန်းမတွေကြီးပဲဆိုတော့ ပြောကြ ဆိုကြ ပွက်လောရိုက်နေတာပဲ။ ကျနော် လယ်ထဲသွားဖို့ ရွာအလယ် ထွက်လာခဲ့လိုက်တယ်။ သုံးဘီးဆရာရဲ့အသံ ကြားတာနဲ့ လှမ်းမေးလိုက်တယ်။ “ဘာဖြစ်လို့လဲဗျ သုံးဘီးဆရာ။ ဒီနေ့ ပေါ်တာဆွဲမှာတဲ့ ညကတည်းက မြို့ပေါ်က ဖုန်းဆက်တယ်။ ဒါနဲ့ သုံးဘီးဆရာကော သုံးဘီးမထွက်ဘူးလား။ […]