ကျောက်ဖြစ်ရုပ်ကြွင်းများထဲမှ တွေ့ရှိစိုက်ပျိုးခဲ့ရသောအပင်မျိုးစိတ်ဖြစ်တာကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ဟု ခေါ်ဆိုကြသော ဂင်ဂိုပင်များသည် ယပ်တောင်ပုံစံရွက်နုလှလှလေးများနှင့် အသီးသီးသောအပင်များဖြစ်သည်။ ဆောင်းဦးအရောက်မှာတော့ ရွက်ဝါလေးများအဖြစ်ပြောင်းသွားပြီး လှပစွာကြွေကျသည်။ ကျောက်ဖြစ်ရုပ်ကြွင်းမှယူဆောင်စိုက်ပျိုးခဲ့သောကြောင့် ဂင်ဂိုပင်များ၏ အသက်ရှည်မှုကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပေ။ နှစ်ပေါင်း ၁၄၀၀ ကျော်တိုင်အသက်ရှည်လှပနေသော ကမ္ဘာဦးသစ်ပင်ဟာ တရုတ်နိုင်ငံ Xi’an မြို့တွင်တည်ရှိပြီး သစ်ပင်ကြီးကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင့် တွေ့ရှိရသည်။ ပုံထဲမှာတွေ့ရှိရသည့် ကမ္ဘာ့သက်ရှည်ပင်တည်ရှိရာ နေရာဟာလည်း တရုတ်ရှေးဟောင်း ဘုရားကျောင်း ပရဝုဏ်အတွင်းမှာဖြစ်ပြီး ဆောင်းဦးရောက်တိုင်း ပန်းသတင်းလေညင်းဆောင်သလို ထပ်ခါကျော်ကြားလာပြန်သည့် Ginkgo သစ်ပင်၏အကြောင်းကို အင်တာနက်အသုံးပြုသူများ စိတ်ဝင်စားနေကြသည်။ ၆၁၈ ခုနှစ်မှာ ၉၀၇ အထိအုပ်စိုးခဲ့သည့် တန်မင်းဆက်လက်ထက်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်တစ်ထောင်ကျော်သက်တမ်းရှိနေခြင်းကြောင့် ကမ္ဘာဦးသစ်ပင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရှေးဟောင်းသစ်ပင်စာရင်းထဲ ထည့်သွင်းထားလိုက်ကြပြီဖြစ်သည်။ […]
ကလေးငယ်တွေရဲ့ အချစ်တော် ဆင်မကြီးမိုမိုရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ကို သူနေထိုင်ရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပဲ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ “မိုမိုရေ..”လို့ခေါ်လိုက်တာနဲ့ “ဝူး..” ဆိုပြီး ပြန်ပြီး ထူးတတ်တဲ့ ဆင်မကြီးမိုမိုဟာ အခုမှာတော့ ဖွားဖွားမိုမိုဖြစ်နေပါပြီ။ ကယားပြည်နယ် လွိုင်ကော်မြို့မှာနေတဲ့ မိုမိုရဲ့ မူလသခင် ဦးခွန်ဆန္ဒဟာ သူကောင်းမွန်စွာ အနားယူနိုင်ဖို့ ၁၉၆၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လှူဒါန်းခဲ့ပါတယ်။ သူ့နာမည်ကို မိုမိုလို့ ခေါ်တွင်စေတာကတော့ ဦခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုရဲ့ အမည်ကို ဂုဏ်ပြုပေးခဲ့တာပါ။ အရပ်အမြင့် ၇ပေ၉လက်မ ၊ ကိုယ်ထည်လုံးပတ် ၁၅၀ လက်မရှိတဲ့ ဆင်မကြီးမိုမိုဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့ […]
Adore News Pro theme is a complete magazine theme, excellent for news, magazines, publishing and review sites. Amazing, fast-loading modern magazines theme for personal or editorial use. You’ve literally never seen or used a magazine that looks or works like this before. Source link
နမ့်ဖက်ကာမြို့နယ် ၊ ပန်ခါးကျေးရွာတွင် ၆၀ မမ လက်နက် ကြီးကို အမျိုးသားနှစ်ဦးက ဖြုတ်ယူချိန် ပေါက်ကွဲရာမှ နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံး – Myanmar Transparency News Source link
ပုံ-လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ပြည်သူတစ်ဦး ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “အခုဆုံးသွားတဲ့ ဦးကွမ့်ဂျာရှောင်က လက်နက်ပစ္စည်း အရောင်းအဝယ်လုပ်တာဟုတ်တယ် ဆိုတော့ သူ့အိမ်ကို ခိုမုန်းရွာကတအာင်းအမျိုးသားတစ်ဦးက ၆၀ မမ လက်နက်ယူလာတယ်။ ဘယ်ကနေ ယူလာတယ်တော့ မသိဘူး။ အဲဒီလက်နက်ကို ကိုင်ရင်းပြုတ်ကျတာလား ဘယ်လိုကြောင့်ပေါက်ကွဲလဲဆိုတာတော့ ကျနော်တို့ မတွေ့လိုက်နိုင်လို့မသိရဘူး။ အဲဒါ ပေါက်ကွဲလို့ ၂ ယောက်လုံး အသက်ဆုံးသွားတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ၂ ဦးစလုံးဟာ သာမန်အရပ်သားတွေလို့သိရပြီး နေအိမ်မှာရှိနေတဲ့ နောက်ထပ် ကလေးငယ်တစ်ဦးလည်း နဖူးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ရွာမှာ တော်လှန်ရေးလက်နက်ကိုင်တွေထိန်းချူပ်ပြီးနောက် ဒီလိုဖြစ်တာကတော့ ဒီတစ်ကြိမ်ပထမဆုံးပေါ့။ အရင်က […]