ylliX - Online Advertising Network

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]

အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ – iMyanmarHouse.com

[Unicode] အိမ်တစ်လုံးပိုင်ရန် အဆင့်ဆင့်ကြိုးစားရသည့်ခရီးမှာ ခက်ခဲနိုင်သည်။ သို့သော် အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း တစ်ခု ပေါ်ပေါက်နေသည်။ လန်ဒန်မြို့တော်တွင် နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၆၉၂၈၃၂ ဖြစ်ရာ အိမ်တစ်လုံး ပိုင်ဆိုင်ရေးမှာ အလှမ်းမမှီသည့် ပန်းတစ်ပွင့်သဖွယ် ဖြစ်နေသည်။ သို့သော် လန်ဒန်၏ မြောက်ဘက် ဘုရားကျောင်းမြို့ဟု လူသိများသော Carlisle သို့သွားလျှင် နေအိမ် ၇ လုံးကို လန်ဒန်မှာ နေအိမ်တစ်လုံးဈေးအောက် ထက်ဝက်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။ ဈေးကွက်တင်မှတ်တမ်းအရ အဆိုပါအိမ်များသည် ခေတ်မီအဆင့်မြှင့်မွမ်းမံရန် လိုအပ်သောအိမ်များဖြစ် သည်ဟု ဖော်ပြသည်။ အိမ်အိုဟောင်းများ ပြုပြင်မွမ်းမံရန် ဝါသနာကြီးသူများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ဖြစ်သည်။ […]