မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ Myingyan Black Tiger(MBT)ရဲ့ တပ်ဖွဲ့တာ၀န်ရှိသူ ကိုမိုက်ခဲက CJ Platform ကို ပြောပါတယ်။ မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း၊ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း-၃ နယ်မြေအတွင်းဖြစ်တဲ့အတွက် အဲဒီစစ်ကြောင်းနဲ့ ယမန်နေ့အထိ သုံးရက်ဆက် တိုက်ပွဲတွေပြင်းထန်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။ “မနေ့က အရပ်သားတွေကိုသတ်ခဲ့တယ်။ ခု ပစ္စည်းတွေကို ဖောကားနဲ့လည်း ယူတယ်။ မီးတွေလည်းရှို့နေတယ်” လို့ ကိုမိုက်ခဲက ပြောပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ နို၀င်ဘာ ၁၄ ရက်နေ့က ကူရွာနဲ့ […]
RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link
အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။ တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊ အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။ “အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။ လက်ရှိ […]
RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် ပြည်သူလူထုမှမဟုတ် မဟာမိတ်တပ်များအပေါ်တွင်လည်း ရိုင်းပြစွာ ကျူးလွန်မိပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ ပြည်သူလူထုအပေါ် ကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စစ်စည်းကမ်း ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိမ်းလိုက်နာသော တပ်ဖြစ်သည်ဟု အမှတ် (၁၂၂၂) တပ်ရင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ထုတ်ပြန်ထားသည်။ #RedNewsAgency #RedNews #RNA Source link
RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်း ဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ #RedNewsAgency #RNA Source link