ylliX - Online Advertising Network

မြန်မာ့နိုင်ငံရေးနှင့် ရုပ်သေးကြိုးပြတ်ဖြစ်နေသော တရုတ်နိုင်ငံ​၏ အခန်းကဏ္ဍ – Myanmar Now

လက်တလောမြန်မာ့နိုင်ငံရေးအရွေ့သည် သိသိသာသာ ပြောင်းလဲဖြစ်ပေါ်နေသည်မှာ လက်ခံရမည့် အရှိတရားတစ်ခုဖြစ်သည်။ အကြောင်းမှာ တော်လှန်ရေးကာလသုံးနှစ်ကျော်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော EAOsများနှင့်တန်းတူ လက်နက်စွန့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းချက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်တွင် ထုတ်ပြန်လာခြင်းကြောင့်ပင်။ တစ်ဘက်တွင်လည်း တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးနယ်မြေများနှင့် ပြည်သူလူထုနေထိုင်ရာ ဒေသများကို နေ့စဉ်ရက်ဆက် လေယာဉ်ဖြင့် ဗုံးကြဲနေဆဲဖြစ်သည်။ ထိုသို့သော နိုင်ငံရေးအခြေအနေများသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း များစွာ ဆက်စပ်မှုရှိသည်ဟု ပြောနိုင်သည်။ ပထမဆုံးအချက်အနေဖြင့် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးသည် တရုတ်ဦးဆောင်မှုဖြင့် ပြုလုပ်ထားသော ဟိုင်ဂင်သဘောတူစာချုပ်ကို စစ်ကောင်စီက မလိုက်နာရာမှ ခုခံစစ်အဖြစ်ပြန်လည်တွန်းလှန်ရင်း ထွက်ပေါ်လာသော စစ်ဆင်ရေးတခုဖြစ်ခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက်သည် တရုတ်နိုင်ငံကူးမင်းမြို့တွင် တရုတ်အစိုးရ […]