ylliX - Online Advertising Network

မြန်မာ့ကျွန်းသစ်ဝယ်သုံးသည့် ဗြိတိန်ဇိမ်ခံသင်္ဘောကုမ္ပဏီ ဒဏ်ရိုက်ခံရ  – Myanmar Now

ဗြိတိန်အခြေစိုက် နာမည်ကြီး Sunseeker International ကုမ္ပဏီသည် တားမြစ်ထားသည့် မြန်မာ့ကျွန်းသစ်များ တင်သွင်းခဲ့ခြင်းကြောင့် စတာလင်ပေါင် ၃ သိန်းခွဲကျော် ဒဏ်ရိုက်ခံခဲ့ရသည်။  ပြီးခဲ့သည့် သောကြာနေ့တွင် ဗြိတိန်တရားရုံးတစ်ခုက ထိုကုမ္ပဏီကို မြန်မာနိုင်ငံမှ တင်သွင်းလာသော ကျွန်းသစ်များကို သင်္ဘောတချို့တွင် အသုံးပြုထားခြင်း အပါအဝင် သက်သေအထောက်အထား ခိုင်လုံစွာရှိသော အမှု ၁၁ ခုအတွက် ပေါင် ၃၅၈,၇၅၉  (ဒေါ်လာ ၄ သိန်းခွဲ) ဒဏ်တပ်ခဲ့သည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (Environmental Investigation Agency- EIA) က နိုဝင်ဘာ ၂၅ တွင် ထုတ်ပြန်သည်။   ဒဏ်ရိုက်ခံရသောကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ် အဆင့်မြင့်ဇိမ်ခံသင်္ဘောများကို ကိုယ်ပိုင်ဒီဇိုင်းများဖြင့် ထုတ်လုပ်နေသော နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး  ဆိပ်ကမ်းမြို့ Poole တွင် […]