မြန်မာ့အရေး တရုတ်အစိုးရ၏ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်နေမှု အခြေအနေကို မကြာသေးခင်က ပေါက်ကြားလာသော တရုတ်အစိုးရ အထူးကိုယ်စားလှယ် နှင့် “ဝ” ခေါင်းဆောင်များအကြား ဆွေးနွေးပွဲ မှတ်တမ်းမှတစ်ဆင့် သိလာကြပြီးနောက် ရန်ကုန်အခြေစိုက် သံတမန်အသိုက်အဝန်းအကြား နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေအပေါ် စိတ်ဝင်စားမှု မေးခွန်းထုတ်မှုများကို Myanmar Now က သိရှိရသည်။ ဩဂုတ်လနှောင်းပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူးအာမြို့၌ တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့ နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးကျောက်ကောအန်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့သည့် အစည်းအဝေးမှတ်တမ်း အသေးစိတ်ကို Myanmar Now က ဦးစွာသတင်းရေးသား ဖော်ပြခဲ့သည်။ “ဝ” အဖွဲ့ဖက်က အသေးစိတ်မှတ်တမ်းတင်ထားခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုမှတ်တမ်းပါ အချက်အလက်များ […]