ရေတာရှည် ၊ နိုဝင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ ရွှေကြက်ယက်အထက်တန်းကျောင်း၊ (၁)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းနှင့် (၄) ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် ထိုးနှံပေးခြင်းဖြစ်ရာ ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် (၅)နှစ်ပြည့်ပြီး (၇)နှစ် မကျော်သော (K.G) ကျောင်းသူကျောင်းသားများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူတို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ […]
မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သည့် လာအိုဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီ – ကျောက်ဖရား -မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု […]