ylliX - Online Advertising Network

နောင်ချိုမြို့ကို လေတပ် ဗုံးကြဲ၊ သေဆုံးသူများထဲတွင် မွေးကင်းစကလေးမိခင် ပါဝင် – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဆမ္မဆယ်ကျေးရွာနှင့် အနီးရှိ သကြားစက်ရုံတို့ကို နိုဝင်ဘာ ၁ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ နံနက်အစောပိုင်းက နောင်ချိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ကြိမ်လာရောက်၍ ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု တအာင်းတပ် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးမီးဖွားပြီး သုံးရက်သာရှိသေးသည့် ကလေးမိခင်(မီးနေသည်) တစ်ဦး၊ အသက် ၇၀ အရွယ်အဖိုးအိုနှင့် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး သံဃာ ၂ […]