ylliX - Online Advertising Network

အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ  အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။  စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် […]

အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးမောင်းတင် ယှဉ်ပြိုင်ချိန်တွင် “ထူးဆန်းထွေလာ လက္ခဏာများ” မကြာခဏ ပေါ်ထွက်လာ

ပေကျင်း/ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာ ၅ ရက် ဖြစ်သည်။ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲအားပြိုင်မှုများ နောက်ဆုံး မောင်းတင် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်၏အင်အား မတိမ်းမယိမ်းရှိနေရာ မဲဆွယ်စည်းရုံးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင်ပင် အပြန်အလှန်တိုက်ခိုက်မှုမီးအရှိန်က ပို၍ ပြင်းထန်လာသည်။ အမေရိကန် နယ်ပယ်အသီးသီးက အထူး စိုးရိမ်နေကြရာ လူထုသဘောထားပြောဆိုမှုများပွက်ပွက်ညံလျက်ရှိပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် “ထူးဆန်းထွေလာ ကိစ္စများ” က စုပြုံပြီး ထွက်ပေါ်လာသည်။ အမေရိကန် မီဒီယာနှင့် ပညာရှင်များက ဤ “ထူးဆန်းထွေလာ လက္ခဏာများ” ၏ နောက်ကွယ်တွင် နိုင်ငံရေး အကြောင်းရင်း ရှိသလို အကျိုးစီးပွားချိန်ညှိမှုလည်း ရှိသည်ဟု […]