(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၂၄ ပင်လည်ဘူးသိမ်းတော့ ဘိန်းဖြူ ဘိန်းမဲ ဆေးပြား ဆိုတဲ့ စစ်တပ်ရဲ့ အထင်ကရရိက္ခာတွေ အများကြီး သိမ်းဆည်းရမိတယ်။ ကိုယ့်ပြည်သူကို စိတ်ထင်သလို ပြန်သတ်ဖို့ဆိုတာ ဂျင်းသက်သက်နဲ့ မရတော့ ဂျင်းနဲ့ဆေးပြား နှစ်ပါးသွားရတယ် မဟုတ်လား။ စိတ်လွတ် စိတ်ကျွတ် စိတ်သွပ် စိတ်ရမ်း စိတ်ကြမ်း စိတ်နှမ်းဖြစ်အောင် လုပ်နိုင်မှ ရက်စက်မှာကိုး။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းရောက်တော့ စစ်ဗိုလ်တွေက အမောခံနိုင်တယ်၊ အိပ်ရေးပျက်ခံနိုင်တယ်လို့ ပြောပြီး ဆေးပြားကျွေးတယ်တဲ့။ ဘီလူးစစ်ကြောင်းဆိုတာ ဒီနည်းနဲ့ မွေးထုတ်ခဲ့တာလေ။ ဦးအောင်ခမ်းထီရဲ့ ပအိုဝ်းတိုင်း ပြည်သူ့စစ် ဖြစ်ရမယ်စီမံကိန်းမှာလည်း ဒီနည်းပဲ သုံးပါတယ်။ သူကတော့ သင်တန်းစခန်းမှာတင် အကြိုက်သုံးခိုင်းတာ။ အဲဒီမှာလဲ ဆေးကျွေး သေနတ်ပေးလိုက်တော့ ကိုယ့်ရွာသူရွာသား ဆွေမျိုး […]