(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၄ ကုန်ပစ္စည်းပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုက ဘယ်သူတွေကို အထိခိုက်ဆုံးဖြစ်မလဲ တရုတ်နိုင်ငံက သူ့နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသတလျှောက်၊ ရှမ်းအရှေ့နဲ့ ကချင်ပြည်နယ်တွေမှာ ရှိတဲ့ နယ်စပ်ဂိတ်အချို့မှာ ကုန်ပစ္စည်း အထွက်ရော အဝင်ပါ ပိတ်ပင်လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပြီး အချို့နယ်စပ်ဂိတ်တွေမှာတော့ ရိက္ခာခြောက်၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါးတွေကို မြန်မာနိုင်ငံဘက် တင်သွင်းခွင့်မပြုပဲ ကန့်သတ်ပိတ်ဆို့တာတွေ တရုတ်နိုင်ငံ အစိုးရက လုပ်ဆောင်လာတာ သီတင်းပတ် နှစ်ပတ်ထဲဝင်ရောက်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို တရုတ်နိုင်ငံက ကုန်ပစ္စည်းအမျိုးအမည်နဲ့ သတ်မှတ်ကန့်သတ်တာ၊ သို့မဟုတ် အချို့သော ဂိတ်တွေကို လုံးဝ တင်သွင်းတာ၊ တင်ပို့တာတွေ ပိတ်ပင်လိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် […]