RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ “ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ” ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။ တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။ Red News Agency Source link
“ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့” အလုပ်တစ်ခုကို ငါ မလုပ်နိူင်ပါဘူးလို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကိုငါ မမေ့နိူင်ပါဘူးလို့ မတွေးပါနဲ့။ သူများအလုပ် လုပ်ကိုင်နေရလို့ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိူင်ပါဘူးလို့မတွေးပါနဲ့။ ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့ငါ တစ်ယောက်တည်း မနေနိူင်ပါဘူးလို့ မတွေးပါနဲ့။ ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးသွားလို့ငါ့ ဘဝက အဓိပ္ပါယ်မဲ့သွားပီလို့ မတွေးလိုက်ပါနဲ့။ ရူံးနိမ့်ခြင်းတွေ ကြုံနေရလို့ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူပါလားလို့ မတွေးပါနဲ့။ ကြမ္မာဆိုး တွေမွှေနှောက်ခံရတိုင်းငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိူင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။ ရောဂါဝေဒနာတွေ ခံစားရလွန်းလို့ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပီလို့ မတွေးလိုက်ပါနဲ့။ အဲ့ဒီလို တွေးလိုက်မိပီဆိုတာနဲ့ သင့် ဘဝကတစ်ဝက်သေသွားတာ သေချာသွားပီလေ။ ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကိုအလင်းရောင် ပေးစွမ်းနေကြတယ်။ အဆင်မပြေမှူတွေ ၊ နှလုံးသားရဲ့ ခံစားမှူတွေဖိစီးနှိပ်စက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်လောကကြီးက မင်းကို […]