ကိုယ်လက်လှုပ်ရှား အားကစားတိုင်းတော့လည်း Gym Equipment လို့ ခေါ်ကြတဲ့ အားကစားပစ္စည်းတွေ လိုတာ မဟုတ်ပါဘူး။ ဘာပစ္စည်းမှ သုံးစရာမလိုဘဲ ရိုးရှင်းပြီး ထိရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်ပေးရုံနဲ့တင် အဆီချပြီး ဘော်ဒီ ကျစ်လျစ်အောင် လုပ်လို့ရပါတယ်။ အခုပြောမယ့် အားကစားနည်းတွေကို ပုံမှန် လုပ်သွားရုံနဲ့တင် Gym ရုံ သွားစရာမလိုဘဲ ကိုယ့်အကြိုက် ကိုယ်လုံးကိုယ်ပေါက်ရအောင် ကူညီပေးနိုင်ပါတယ်။ (၁) Plank Source : ScottHermanFitness ဗိုက်ကြွက်သားတွေ သန်မာကျစ်လျစ်အောင် ကစားတဲ့ Home Abs Workout ကစားနည်းတွေထဲမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုက Planking လုပ်တာပဲ ဖြစ်ပါတယ်။ Plank ထောက်တယ်ဆိုတာ ကြမ်းပြင်ပေါ် Press Up ပုံစံ တံတောင်နဲ့ ခြေထောက်တွေ ထောက်ပြီး […]