သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]
သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၆ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီက နေ့စဥ် ဗုံးကြဲ တိုက်ခိုက်နေရာ ယနေ့ညနေ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကနဦး သိရှိရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ “နားမခေါ် ကားကြီးကွင်းနားက ရွှေတောင်ကြားဘက် ဗုံး ၃ လုံးကျတယ် ကြားတယ်။ ဆိုင်ကယ်စီးလာတာ ဗုံးထိလို့ တစ်ယောက်သေတယ်၊ တစ်ယောက် ဒဏ်ရာပြင်းတယ် ကြားတယ်။ လေယာဉ် ထပ်လာအုံးမလား မသိဘူး” ဟု […]