MT News၂၅. ၁၁. ၂၀၂၄ ဗိုလ်မှူးကြီး နှစ်ဦးအပါအဝင် လေးဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် သူရဘွဲ့ ဂုဏ်ပြု ချီးမြှင့်လိုက်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူးအောင်ဆန်းဦးတို့ကို သူရဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကိုလည်း ဗိုလ်မှူးချုပ်မျိုးရွှေနှင့် ဗိုလ်မှူးချုပ်တင့်နိုင်ထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၆ ဦးကို ချီးမြှင့်ခဲ့သည်။ အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် ရဲသူရတံဆိပ်ကို ယာယီဒုတိယရဲမှူးကြီး မင်းသူ၊ ဒုတိယရဲမှူးသန့်ဇော်၊ ဒုတိယရဲမှူး ဖြိုးဖြိုးဆွေ (ခ) မိုးဟိန်းကျော်၊ ရဲအုပ် ရဲအောင်ဗိုလ်၊ ဒုတိယရဲအုပ်မင်းရဲထက်နှင့် ဒုတိယမီးသတ်ဦးစီးမှူးဦးသီဟအောင်၊ မီးသတ်တပ်ကြပ်ကြီး ငြိမ်းချမ်းအောင်တို့ကို ချီးမြှင့်ခဲ့သည်။ […]
ဧရာဝတီတိုင်းမ် (သံတောင်ကြီး)၊ နိုဝင်ဘာ ၂ ရက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း သို့ တပ်ရင်းမှူး သင်တန်းတက်ရောက်ရန်လာသည့် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိခဲ့သည့် ဗိုလ်မှူးမှာ တပ်မတော်ဆေးရုံ တဆရ – ၁၂/၁၀၀ (ထားဝယ်)မှ ပါရဂူသမားတော် ဗိုလ်မှူးထိန်တောက် ဆိုသူဖြစ်ပြီး တပ်ရင်းမှူး သင်တန်းတက်ရောက်ရန်လာစဉ် ပဲခူးတိုင်းတစ်နေရာတွင် မိသားစုနှင့် အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ “သတင်းပေးချက်အရ လမ်းပိုင်းမှာ စစ်ဆေးဖမ်းဆီးရမိခဲ့တာပါ။ တပ်အကြီးပိုင်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဗိုလ်မှူးလို့သိရတယ်။ ဇနီးနဲ့ ကလေးလည်းပါတယ်” ဟုရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်မှူးထိန်တောက်ကို ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၂) မှ […]