ylliX - Online Advertising Network
သံတောင်ကြီးတွင် တပ်ရင်းမှူးသင်တန်းတက်‌ရောက်ရန်လာသည့် စစ်ကောင်စီတပ်မှ သမားတော် ဗိုလ်မှူးကို ဖမ်းမိ - Ayeyarwaddy Times

သံတောင်ကြီးတွင် တပ်ရင်းမှူးသင်တန်းတက်‌ရောက်ရန်လာသည့် စစ်ကောင်စီတပ်မှ သမားတော် ဗိုလ်မှူးကို ဖမ်းမိ – Ayeyarwaddy Times


ဧရာဝတီတိုင်းမ်
(သံတောင်ကြီး)၊ နိုဝင်ဘာ ၂ ရက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း သို့ တပ်ရင်းမှူး သင်တန်းတက်ရောက်ရန်လာသည့် စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သည့် ဗိုလ်မှူးမှာ တပ်မတော်ဆေးရုံ တဆရ – ၁၂/၁၀၀ (ထားဝယ်)မှ ပါရဂူသမားတော် ဗိုလ်မှူးထိန်တောက် ဆိုသူဖြစ်ပြီး တပ်ရင်းမှူး သင်တန်းတက်ရောက်ရန်လာစဉ် ပဲခူးတိုင်းတစ်နေရာတွင် မိသားစုနှင့် အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သတင်းပေးချက်အရ လမ်းပိုင်းမှာ စစ်ဆေးဖမ်းဆီးရမိခဲ့တာပါ။ တပ်အကြီးပိုင်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဗိုလ်မှူးလို့သိရတယ်။ ဇနီးနဲ့ ကလေးလည်းပါတယ်” ဟုရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသော ဗိုလ်မှူးထိန်တောက်ကို ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၂) မှ ၎င်းနှင့် မိသားစုဝင်များကို စစ်သုံ့ပန်းမူဝါဒနှင့် အညီ ထိန်းသိမ်းထားပြီး လူ့အခွင့်အရေးအပြည့်အဝ ရရှိစေရန် ဆောင်ရွက်ထားကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတောင်ကြီးမြို့တွင် စစ်တပ်အခြေစိုက် ဘုရင့်နောင်တပ်မြို့ တည်ရှိပြီး တိုက်ခိုက်ရေးကျောင်း၊ တပ်ရင်းမှူးသင်တန်း၊ တပ်စုမှူးသင်တန်း၊ လက်နက်ကြီးသင်တန်းတို့ ပေးရာ တပ်မြို့တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ၊ အမှတ်-၂စစ်ဒေသခွဲ
#သံတောင်ကြီး #လေ့ကျင့်ရေးကျောင်း #စစ်ကောင်စီ #ဗိုလ်မှူး #ပါရဂူ #PDF #ဖမ်းဆီးရမိ #Ayeyarwaddy_Times

The post သံတောင်ကြီးတွင် တပ်ရင်းမှူးသင်တန်းတက်‌ရောက်ရန်လာသည့် စစ်ကောင်စီတပ်မှ သမားတော် ဗိုလ်မှူးကို ဖမ်းမိ appeared first on Ayeyarwaddy Times.



Source link

Leave a Reply

Your email address will not be published. Required fields are marked *