(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၄ ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို စစ်တပ်အင်အားကို အသုံးပြုပြီး အာဏာရှင်တယောက်အနေနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သာမက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အီလက်ထရွန်းနစ် အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒေါက်တာ နေစိုးမောင်ဟာ စစ်ဘက်ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် […]