ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ထဲ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကိုပြောပါတယ်။ လောလောဆည်မှာKIA က ပန်ဝါမြို့ကို အုပ်ချုပ်မှုယန္တရားတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ကချင်ပြည်နယ်အရှေ့ပိုင်း ချီဖွေ၊ ဆော့လော်မြို့နယ်တွေကို စက်တင်ဘာလကုန်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ဒီလအတွင်းမှာပဲ ချီဖွေ၊ဆော့လော်နဲ့ ပန်ဝါမြို့အပါအဝင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂နဲ့ ၁၀၀၃ တို့ကို သိမ်းယူခဲ့တာပါ။ ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်က ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၈ရက်နေ့ မနက်ပိုင်းကနေ စလို့ […]