ylliX - Online Advertising Network

ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ  – Kachin News Group (KNG)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ  ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြေပြိုတဲ့ထဲ ကားနှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါသွားတယ်လို့သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်းရှိနိုင်တယ်”လို့ပြောပါတယ်။ ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှုအဓိက ဖြစ်စဉ်ဟာ မြေစာတင်ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး The post ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ  appeared first on Kachin News Group (KNG). Source link

၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ Red News Agency Source link

တိုက်ပွဲပြင်းထန်ခဲ့သည့် လပ်ကီးမဲန်းဟိုတယ်အနီး သေဆုံးခဲ့သူများကို အရိုးစုများအဖြစ်ပြန်လည်တွေ့ရှိ – THE 74 MEDIA

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျည်ထိမှန်သေဆုံးနေသည့် ရုပ်အလောင်းများကို ရိုက်ကူးထားသည့် ရုပ်သံတစ်ခုထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့က အဆိုပါနေရာတွင် ဦးခေါင်းခွံနှင့် အရိုးစုများအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူများမှာ မည်သူမည်ဝါဖြစ်သည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။   Post navigation Source link

လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းမိ – THE 74 MEDIA

စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link

မိုးမောက်ဘက်ကို စစ်ကောင်စီ ထိုးစစ်ပြန်ဆင်၊ ဖားကန့်နဲ့ဝိုင်းမော်မှာ တိုက်ပွဲဆက်လက်ပြင်းထန် – THE 74 MEDIA

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော်နဲ့မိုးမောက်မြို့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့သလို ဖားကန့်နဲ့ ဝိုင်းမော်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်လာတဲ့အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link

ဆိုင်းတောင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံပစ်ခတ်တိုက်ခိုက် – THE 74 MEDIA

ဖားကန့်မြို့နယ်၊ ဆိုင်တောင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ရေးတင်းမာနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော ဖားကန့်မြို့နယ်တွင် နေ့စဉ် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လာရောက်ပစ်ခတ်လေ့ရှိသည်။ Post navigation Source link