ylliX - Online Advertising Network

ဆလိုင်းဇုန် – ဖိုးသား

(မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄ ဖိုးသား ဆိုတာ နာမ်စားပါ အညာက ဦးအောင်ဇေယျမြေကို အခြေချတော့ ဖိုးသား ဆိုတဲ့အခေါ်နဲ့ ရင်းနှီးသိလာခဲ့တယ် ချစ်စနိုးနဲ့ သိပ်လှတဲ့ နာမလေးပေါ့ ဖိုးသားဟာ ကြီးလာတဲ့အထိ ဖိုးသားပါပဲ အဲဒီချိန်တုန်းက ခါးတောင်းကျိုက် ဝိုင်းခြင်းခတ်ကောင်းတုန်း ချောင်းထဲ မြောင်းထဲ ငါးနှိုက်ကောင်းတုန်း မန်ကျည်းပင်ပေါ်တက် ရွက်နု ခူးကြတုန်း အညာနွေရဲ့ တမာနံ့လေး သိပ်လွမ်းစရာပဲ အညာရဲ့နွေညနေဟာ လေနီကြမ်းတွေ တိုက်တတ်တယ် …. အညာဟာ ပူပူအိုက်အိုက်နဲ့ စပါးတွေ စိုက်နေခဲ့တယ် ….. ဖိုးသားဟာ အိမ်ရဲ့ အချစ်တော် နုနု ထွေးထွေးလေး  သူဟာ နို့ညှာလေးပေတဲ့  သူ့နာမည်က ဖိုးသားတဲ့ ခုချိန်ထိ ဖိုးသားပါပဲ ဖိုးသားဟာ ဆယ်တန်းရောက်ခဲ့ရဲ့လား သေချာမမှတ်မိခင် […]