ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲ (Lumte) ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၆) နေ့လယ်က လေကြောင်းမှ တိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် ဖလမ်းဒေသခံများထံမှ သိရသည်။ ဖလမ်းမြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကို လေယာဉ်က ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ပရိုဂရမ် မန်နေဂျာ Ko Terah က ဒေသခံများကို ကိုးကားပြီး ပြောသည်။ “ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ (ဗုံး) နှစ်လုံးလောက်ကြဲတယ်။ ဆေးခန်းလည်းပျက်တယ်။ အိမ်တချို့ လည်း ပျက်တယ်လို့ကြားတယ်။ သူတို့ ဦးတည်တာက ဆေးခန်းကို ဦးတည်တာလို့ ကြားရတယ်။ အသေးစိတ်တော့ ဆက်လက် […]