မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က အနောက်နိုင်ငံထုတ် ဒုံးကျည်များ အသုံးပြု၍ ရုရှားနိုင်ငံကို တိုက်ခိုက်ခြင်းသည် ရုရှား-ယူကရိန်း ပဋိပက္ခအား ကမ္ဘာလုံးဆိုင်ရာ သဘော ဖြစ်စေကြောင်း၊ ရုရှားနိုင်ငံသည် အဆိုပါပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း၊ တစ်ချိန်တည်းတွင်ပင် မည်သည့်အခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ရုပ်မြင်သံကြား မိန့်ခွန်း၌ ပြောကြားခဲ့သည်။ယင်းမတိုင်မီ အမေရိကန်နိုင်ငံနှင့် ၎င်း၏ NATO မဟာမိတ်များက ရုရှားနိုင်ငံ ပိုက်နက်တွင် ၎င်းတို့၏ တာဝေးပစ် တိကျသော ပဲ့ထိန်းလက်နက်များ အသုံးပြုခြင်းကို ခွင့်ပြုကြောင်း ကြေညာလိုက်ခြင်းသည် ပဋိပက္ခအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ပူတင်က မိန့်ခွန်း၌ပြောကြားခဲ့သည်။ ရုရှားနိုင်ငံဘက်က လက်နက်ထုတ်လုပ်သည့် နိုင်ငံများမှ ပညာရှင်များ […]