ylliX - Online Advertising Network

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့ | Popular

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင် မကွေးတိုင်းမှ ရန်ကုန် တိုင်းသို့ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ကားပေါ်မှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်(၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ) ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း(၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော်(၃၂) နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖုန်းမျိုးစုံ(၆)လုံး၊ နှင်းမောင်မောင်လွင်၊ အောင်ထိုက်၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ အမည်များပါရှိသည့် မှတ်ပုံတင် (၅) ခု၊ KBZ Bank MPU ကတ်(၁)ခု၊ AYA Bank MPU ကတ်(၁)ခု၊ YOMA Bank MPU ကတ်(၁)ခု၊ ငွေ […]