ylliX - Online Advertising Network

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့ | Popular


ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင် မကွေးတိုင်းမှ ရန်ကုန် တိုင်းသို့ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ကားပေါ်မှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်(၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ) ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း(၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော်(၃၂) နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဖုန်းမျိုးစုံ(၆)လုံး၊ နှင်းမောင်မောင်လွင်၊ အောင်ထိုက်၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ အမည်များပါရှိသည့် မှတ်ပုံတင် (၅) ခု၊ KBZ Bank MPU ကတ်(၁)ခု၊ AYA Bank MPU ကတ်(၁)ခု၊ YOMA Bank MPU ကတ်(၁)ခု၊ ငွေ (၂၈၀၀၀၀)ကျပ်၊ စိန်လက်စွပ်(၁)ကွင်း၊ ရွှေဖြင့်ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးမှုများအရ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွင်း၌ ဗိုလ်ချုပ်တစ်ယောက်အဖြစ်အယောင်ဆောင်ခြင်းအပါအဝင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်လိမ်လည်မှုပေါင်း(၉)ကြိမ်ကျူးလွန်ခဲ့ပြီး ငွေကျပ်(၃၁၆)သိန်းရရှိခဲ့ကာ ၎င်းတို့ (၅)ဦးခွဲဝေသုံးစွဲခဲ့ကြောင်းကို ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ၎င်းတို့(၅)ဦးအား စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁/ ၄၁၉/၁၁၄ တို့ဖြင့်အမှုဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *