ylliX - Online Advertising Network

အတွင်းခံ ဖွားဖက်တော် ကျန်းမာရေး

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း အသုံးပြုနေရတဲ့ အသုံးအဆောင်လို့ ပြောရင် အတွင်းခံတွေကတော့ မပါမဖြစ်ပါပဲ။ အတွင်းခံတွေဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါ ကျန်းမာရေး ၊ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုတို့နဲ့ ပတ်သတ်ပြီး ကြီးမားစွာ သက်ရော က်မှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဖွားဖက်တော် ကျန်းမာရေး အတွက် အမျိုးသားတွေ သတိပြု ရှောင်ရှားသင့်တဲ့ အတွင်းခံတွေအကြောင်း ပြောပြပေးပါမယ်။ (၁) ချည်သား မဟုတ်တဲ့ အတွင်းခံတွေ ရှောင်ပါ Photo : Evening Standard အတွင်းခံ အမျိုးအစား ရွေးချယ်တဲ့အခါ ချည်သား ဘောင်းဘီတွေကတော့ အကောင်းဆုံးပါပဲ။ ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ချွေးစုပ်လွယ်ပြီး ကန့်သတ်ဧရိယာ အရေပြားတဝိုက်ကို ခြောက်သွေ့နေစေတာကြောင့် ရောဂါပိုး ကူးစက်နိုင်ခြေကို […]

ဖွားဖက်တော် တို

အမျိုးသားတွေရဲ့ ဖွားဖက်တော် အရွယ်အစားဟာ ပျှမ်းမျှအားဖြင့် ထောင်မတ်မှု မရှိတဲ့ အခြေအနေမှာ ၃.၆ လက်မခန့်ရှိပြီး ထောင်မတ်နေချိန်မှာတော့ ၅.၂ လက်မခန့် ရှိပါတယ်။ တစ်ခါတစ်ရံမှာ မိမိရဲ့ ရှိရင်းစွဲ ဖွားဖက်တော် အရွယ်အစားထက်ကို ပိုသေးသွားတယ်လို့ ခံစားရတဲ့ အချိန်တွေ ရှိကြပါတယ်။ တကယ်တော့ လိင်တံ ကျုံ့ခြင်း ပြဿနာဟာ သက်ကြီးပိုင်း အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပြီး လိင်တံကျုံ့ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ (၁) အဝလွန်ခြင်း Photo : Britannica အမျိုးသားတွေမှာ အဝလွန်ခြင်းကြောင့် ဖွားဖက်တော် အရွယ်အစား ပိုသေးသွားတယ်လို့ ခံစားရနိုင်ပါတယ်။ အကြောင်းအရင်းကတော့ ဝမ်းဗိုက်မှာအဆီပိုတွေ စုဝေးလာတဲ့အခါ လိင်တံအရွယ်အစားဟာ ရှိရင်းစွဲ ဆိုဒ်ထက်ကို ပိုသေးသွားတယ်လို့ […]

ဖွားဖက်တော် ဒါတွေ မလုပ်နဲ့

စာရေးသူတို့ ယောကျာ်းလေးတွေရဲ့ ဖွားဖက်တော် ဟာ ထိရှလွယ်တဲ့ မျိုးပွားအင်္ဂါတစ်ခု ဖြစ်ပါတယ်။ ဖွားဖက်တော်ကို ယောင်လို့တောင် ပေါက်ကရ လုပ်ရပ်တွေ လုံးဝ(လုံးဝ) သွားမလုပ်သင့်ပါဘူး။ လက်တည့်စမ်းပြီး လျှောက်လုပ်မိရင် ကွီးတို့ ဘဝတစ်လျှောက်လုံးအတွက် အိပ်မက်ဆိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းလေးတွေရဲ့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး မလုပ်သင့်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။ (၁) ဆွဲဆန့်တာ Photo : The Perito Clinic ဖွားဖက်တော် ပိုရှည်လာစေဖို့ ဆွဲဆန့်တာမျိုး လုပ်နေမိရင် ချက်ချင်းရပ်တန့် လိုက်ပါ။ ဒီနည်းက လိင်တံကို ရှည်လာစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တွေ ရှိမနေပါဘူး။ လိင်တံကို အားသုံးပြီး ပြင်းပြင်းထန်ထန် ဆွဲဆန့်ရင် ကြွက်သားနဲ့ တစ်ရှူးတွေ ပျက်စီးစေနိုင်ပါတယ်။ (၂) အပေါက်ဖောက်တာ Photo […]

ဖွားဖက်တော် ပုံမှန်ဆိုဒ် စကေးပြ

စာရေးသူတို့ ယောကျာ်းလေး အများစုက ကိုယ့်ပစ္စည်းကို သိပ်အားမရကြတာ အမှန်ပါ။ ချစ်တင်းနှောတဲ့အခါ ပါတနာအပေါ် စိတ်ကျေနပ်မှု ကောင်းကောင်းပေးနိုင်ဖို့ လက်နက်အရွယ်အစား ခပ်ကြီးကြီး ပိုင်ဆိုင်ထားရမယ်လို့ ထင်မှတ်မှားနေ ကြပါတယ်။ တကယ်တော့ လိင်မှုကိစ္စမှာ  တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရှိရှိနဲ့ တစ်ယောက်ရဲ့ လိုအင်ဆန္ဒ ၊ အကြိုက်တွေကို ကောင်းစွာသိနားလည်ထားဖို့က အရေးကြီးဆုံးပါပဲ။ ဒါကပဲ သင်ရော သင့်ပါတနာပါအတွက် စိတ်ကျေနပ်မှု ကောင်းကောင်း ခံစားရရှိစေနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သိုင်းကွက် အသုံးပြုမှုဟာလည်း အတိုင်းအတာ တစ်ခုအထိ အရေးပါတယ်လို့ ဆိုရမှာပါ။ ဒီတစ်ခေါက်တော့ ဖွားဖက်တော် ပုံမှန်ဆိုဒ်နဲ့လည်း ထိမိအောင် စကေးပြနိုင်မယ့် အမိုက်စား သိုင်းကွက် တစ်ခုကို ကွီးတို့အတွက် ပြောပြပေးပါမယ်။ Bridge Position Photo : Men’s […]

ဖွားဖက်တော် ထိပ်အရေပြား ဖြတ်

အမျိုးသားတွေရဲ့ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းကို ဆေးပညာအရ Circumcision လို့ ခေါ်ပါတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ ဖုံးအုပ်ထားတဲ့ လျော့ရဲနေတဲ့ အရေပြားကို ဖြတ်တောက်ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ပါ။ အမေရိကန်နိုင်ငံမှာတော့ ယောကျာ်းလေးတွေဆိုရင် မွေးကင်းစအရွယ်မှာကတည်းက ဖွားဖက်တော် ထိပ်အရေပြားကို ဖြတ်ပေးကြတယ်လို့ ဆိုပါတယ်။ အကယ်၍ အရွယ်ရောက်ပြီးချိန်မှ လိင်တံ ထိပ်အရေပြားကို ဖယ်ရှားလို့ ရပေမယ့် ဆောင်ရန်ရှောင်ရန်နဲ့ ဂရုစိုက်ရမယ့်အချက်တွေတော့ ပိုများလာနိုင်ပါတယ်။ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းဟာ ဘာသာရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ရုံသာမက ကျန်းမာရေး ရှု့ထောင်ကနေကြည့်ရင်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကွီးတို့ လိင်တံ ထိပ်အရေပြား ဖြတ်တောက်လိုက်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြည့်ရအောင်ပါ။ (၁) သန့်စင်ဆေးကြောရ ပိုလွယ်တယ် […]

ဖွားဖက်တော် အရွယ်အစား အရေးမကြီးဘူး

လိင်မှုကိစ္စမှာ ပိုကြီးလေ ပိုကောင်းလေဆိုတဲ့ စကားက ထင်မှတ်မှားနေတဲ့ ဒဏ္ဍာရီတစ်ခုပါ။ တကယ်တော့ စာရေးသူတို့ ယောကျာ်းလေး တော်တော်များများထင်ထားသလို အရွယ်အစားဟာ လုံးဝအဓိကကျနေတာ မဟုတ်ပါဘူး။ ဖွားဖက်တော် ပုံမှန်ဆိုဒ်နဲ့လည်း အမျိုးသမီးတစ်ယောက်ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အရွယ်အစားဟာ အဓိက မကျဘူးဆိုတာကို သက်သေပြနိုင်တဲ့ အကြောင်းအရင်းအချို့ကို ပြောပြပေးချင်ပါတယ်။ (၁) အရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုဘူး Photo : Reead’s blog အမျိုးသမီး အများစုကတော့ ပါတနာရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး အရမ်းကြီး အရေးမကြီးဘူးလို့ ခံယူထားကြောင်း လေ့လာမှုများစွာမှာလည်း ဖော်ပြထားပါတယ်။ လိင်တံ အရွယ်အစားကြီးလွန်းတာဟာ သာယာပျော်ရွှင်မှုထက် နာကျင်မှုကို ပိုမိုခံစားရစေတာကြောင့် လက်နက်အရွယ်အစား ကြီးလွန်းတာတွေကို အမျိုးသမီးတွေကပင် ပြန်ပြီး […]

ချစ်တင်းနှော ဖွားဖက်တော် သန်မာမှု မကျစေနဲ့

ချစ်တင်းနှော ချိန်မှာ ဖွားဖက်တော် Erection ပြည့်ပြည့်ဝဝ ရှိတာဟာ လိင်မှုဘဝ သာယာပျော်ရွှင်မှုအတွက် အခြေခံ လိုအပ်ချက် တစ်ခုပါပဲ။ တစ်ခါတစ်လေမှာ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုနဲ့ ကျန်းမာရေး နောက်ခံ အခြေအနေတွေကြောင့် ဖွားဖက်တော်ကောင်းစွာ ထောင်မတ်နိုင်ခြင်းမရှိ သလို ထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းထားနိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီး ချစ်တင်းနှော တဲ့အခါ ကွီးတို့ရဲ့ ဖွားဖက်တော်ဒေါင်ဒေါင်မြည် သန်စွမ်းနေဖို့နဲ့ ထောင်မတ်မှု အားကောင်းစေဖို့ ကွီးတို့ လုပ်နိုင်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ (၁) ညစ်ညမ်းစကားလေးတွေ ပြောပေးပါ Photo : Baby2Body Erotic Talk လို့ခေါ်တဲ့ ညစ်ညမ်းစကားလေးတွေဟာ လိင်စိတ်နိုးကြား တက်ကြွမှုကို မြှင့်တင်ပေးပြီး ဖွားဖက်တော် ထောင်မတ်မှုကို အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ […]