ylliX - Online Advertising Network
ဖွားဖက်တော် တို

ဖွားဖက်တော် တို


အမျိုးသားတွေရဲ့ ဖွားဖက်တော် အရွယ်အစားဟာ ပျှမ်းမျှအားဖြင့် ထောင်မတ်မှု မရှိတဲ့ အခြေအနေမှာ ၃.၆ လက်မခန့်ရှိပြီး ထောင်မတ်နေချိန်မှာတော့ ၅.၂ လက်မခန့် ရှိပါတယ်။ တစ်ခါတစ်ရံမှာ မိမိရဲ့ ရှိရင်းစွဲ ဖွားဖက်တော် အရွယ်အစားထက်ကို ပိုသေးသွားတယ်လို့ ခံစားရတဲ့ အချိန်တွေ ရှိကြပါတယ်။ တကယ်တော့ လိင်တံ ကျုံ့ခြင်း ပြဿနာဟာ သက်ကြီးပိုင်း အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပြီး လိင်တံကျုံ့ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အဝလွန်ခြင်း

obesity
Photo : Britannica

အမျိုးသားတွေမှာ အဝလွန်ခြင်းကြောင့် ဖွားဖက်တော် အရွယ်အစား ပိုသေးသွားတယ်လို့ ခံစားရနိုင်ပါတယ်။ အကြောင်းအရင်းကတော့ ဝမ်းဗိုက်မှာအဆီပိုတွေ စုဝေးလာတဲ့အခါ လိင်တံအရွယ်အစားဟာ ရှိရင်းစွဲ ဆိုဒ်ထက်ကို ပိုသေးသွားတယ်လို့ ထင်ရတာပါ။ ဒါဟာ လိင်တံအရွယ်အစား အမှန်တကယ် သေးသွားတာ မဟုတ်ပဲ အဝလွန်ခြင်းကြောင့် သေးသယောင် ထင်ရစေတာ ဖြစ်ပါတယ်။

(၂) ဆေးလိပ် အလွန်အကျွံသောက်ခြင်း

Smoking
Photo : Moving Minds Hypnotherapy Gold Coast

စီးကရက်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ဒါက ဖွားဖက်တော်ဆီ သွေးစီးဆင်းမှု ကောင်းကောင်း မရစေတော့ပဲ လိင်တံ ပြည့်ပြည့်ဝဝ မထောင်မတ်နိုင်တာ ၊ လိင်အင်္ဂါ ကမောက်ကမ ဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ အလားတူ ဆေးလိပ်သောက်ခြင်းကြောင့် လိင်တံ အရွယ်အစားဟာ နဂိုရှိရင်းစွဲထက်ကို ပိုပြီး သေးလာနိုင်ပါတယ်။

(၃) ရောဂါအခံ ရှိခြင်း

high blood pressure
Photo : Karing Hearts Cardiology

သွေးတိုးနဲ့ ဆီးချိုကဲ့သို့ ကျန်းမာရေးအခြေအနေတွေဟာ လိင်အင်္ဂါမသန်စွမ်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေပါပဲ။ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန် မြင့်တက်လာတဲ့အခါ သွေးကြောတွေ ပိတ်ဆို့လာနိုင်ပြီး ထောင်မတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ လိင်အင်္ဂါကမောက်ကမ ဖြစ်မှုကို ခံစားရလေ့ ရှိပါတယ်။ ဒီလို ရောဂါအခြေအနေတွေဟာ လိင်တံကျန်းမာသန်စွမ်းမှုကို လျော့ကျစေပြီး ဖွားဖက်တော် အရွယ်အစားကို ပိုသေးလာစေနိုင်ပါတယ်။

(၄) ဆီးကျိတ်ခွဲစိတ်မှု ခံယူခြင်း

Prostate surgery

Photo : Georgia Urology

အမျိုးသားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဆီးကျိတ်ခွဲစိတ်မှု ခံယူပြီးနောက်မှာ ဖွားဖက်တော် အရွယ်အစား တိုသွားတဲ့ ပြဿနာ ကြုံရနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဆီးကျိတ်ခွဲစိတ်ပြီးနောက် လိင်အင်္ဂါချို့ယွင်းမှု အခြေအနေဟာ ယာယီကြုံရနိုင်ပြီး လိင်တံရှိတစ်သျှူးတွေကို ကျုံ့သွားစေတာကြောင့် လိင်တံရဲ့ မူလအရွယ်အစားထက် လက်မဝက်ခန့်လောက် တိုသွားနိုင်ပါတယ်။

Source : Ochsner Health

Featured Photo : Face Med Store





Source link

Leave a Reply

Your email address will not be published. Required fields are marked *