အိမ်မှာ သောက်ပြီးသား ဝိုင်ပုလင်းအခွံ တွေရှိရင် အလွယ်တကူ မပစ်လိုက်ပါနဲ့။ ကွီးတို့ ကိုယ်တိုင်လက်လုပ် အမိုက်စား ပစ္စည်းလေးတွေ ဖန်တီးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိုင်ပုလင်းအခွံတွေနဲ့ ပစ္စည်း အမိုက်စားလေးတွေ ဖန်တီးလို့ရမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ DIY နည်းလမ်းလေးတွေကို ပြောပြပါမယ်။ (၁) ဝိုင်ပုလင်း မီးဆိုင်း Photo : The Spruce Crafts ဝိုင်ပုလင်းအခွံ တွေကို သေချာဖြတ်တောက်ပြီး ချိတ်ဆွဲလို့ရမယ့် အလှဆင်မီးဆိုင်းလေးတွေ ဖန်တီးလို့ ရပါတယ်။ (၂) အလှပန်းအိုး Photo : The Spruce Crafts ဒါလေးကတော့ ဝိုင်ပုလင်းအခွံ တွေနဲ့ ဖန်တီးနိုင်မယ့် အလှပန်းအိုးတွေပါ။ ဝိုင်ပုလင်းပေါ်မှာ စိတ်ကြိုက်အရောင်ခြယ်တာ ၊ အလှဆင်တာတွေ ကွီးတို့ စိတ်ကူးရှိသလို ပုံဖော်ဖန်တီးနိုင်ပါတယ်။ […]
Skip to content ဇူဇူဟာ ဇနီးသည် အပေါ် တော်တော် ရိုတယ်လို့ ပြောရမှာပါ။ သူဟာ ဇနီးသည်ပုံတူ ရုပ်တုကို ဖန်တီးပေးခဲ့သလို ဇနီးအတွက် ကမ္ဘာမှာ တစ်စီးထဲရှိတဲ့ ကားကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း သူက ဇနီးအတွက် သီချင်း တစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့ပါတယ်။ ဇူဇူက “ ကျွန်တော် ပထမဆုံး ပရက်စီလာ ကို တွေ့တဲ့အချိန်မှာ “Get Low” သီချင်းကို ဖွင့်ထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒိတ်လုပ်တဲ့ Anniversary ရောက်တိုင်း အဲဒီသီချင်းကို နားထောင်ကြပါတယ်။ ဒီနှစ်မှာ ကျွန်တော်ဟာ Tpain နဲ့ ပူးပေါင်းပြီး အဲဒီသီချင်းရဲ့ ကိုယ်ပိုင် ဗားရှင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီသီချင်းကို Spotify မှာ တင်ထားပါတယ်။ […]
Skip to content သိပ္ပံပညာရှင်တွေက AI ကို အသုံးပြုထားတဲ့ အီလက်ထရောနစ် လျှာ အတုကို ဖန်တီးလိုက်ပြီး Coke နဲ့ Pepsi ကို ခွဲခြားနိုင်ပါတယ်။ အစားအစာထဲမှာ ပါတဲ့ ဓါတုဗေဒ ပစ္စည်းတွေကို အသေးစိတ် ခွဲခြားနိုင်ပါတယ်။ Pennsylvania State University မှ သုတေသနပညာရှင်တွေက အဲဒီ လျှာရဲ့ ဆန်ဆာတွေဟာ အစားအစာဟာ လတ်ဆတ်သလား သို့မဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ပါနေသလားဆိုတာကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ လျှာကို Graphene ကို အသုံးပြုကာ တည်ဆောက်ထားတာ ဖြစ်ပြီး AI Neural Network နဲ့ ချိတ်ဆက်ထားပါတယ်။ ပညာရှင်တွေက အရသာခံနိုင်တဲ့ လူ့ဦးနှောက်ရဲ့ Gustatory Cortex […]
Skip to content Xiaomi 15 Series ဟာ ဈေးကွက်ထဲမှာ Qualcomm Snapdragon 8 Elite ပါတဲ့ ပထမဆုံးဖုန်းတွေ ဖြစ်လာမှာပါ။ Qualcomm က ဟာဝိုင်အီမှာ ကျင်းပတဲ့ Snapdragon Summit 2024 ပွဲမှာ အဲဒီ စွမ်းရည်မြင့် Chipset ကို ကြေညာပြီးနောက်မှာ အခု ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Adam Zeng က အဲဒီပွဲမှာ စတိတ်စင်ပေါ်မှာ အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။ Xiaomi ဟာ 15 Series ကို ဒီရက်ပိုင်းအတွင်း ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အစပိုင်းမှာ Xiaomi […]
ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ ကမ္ဘာ့အားအကောင်းဆုံး သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှ သံလိုက်စက်ကွင်းသုံး သုတေသနအဆောက်အအုံတွေမှာ အသုံးပြုတဲ့ resistive magnet သံလိုက်အမျိုးအစားပါပဲ။ resistive magnet ဆိုတာ ရိုးရိုးသံတုံးကိုပဲ ကွိုင်တွေနဲ့ရစ်ပတ်ဖန်တီးထားတဲ့ သံလိုက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အမျိုးသား သံလိုက်စက်ကွင်းဓာတ်ခွဲခန်းက ၄၁.၄ တက်စလာ အားပြင်းတဲ့ သံလိုက်ကို စမ်းသပ်ပြနိုင်ခဲ့ပြီး အခုနောက်ဆုံး တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ သံလိုက်စက်ကွင်းကတော့ ၄၂.၀၂ တက်စလာ အားပြင်းကာ ကမ္ဘာ့အားအကောင်းဆုံးသံလိုက်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အခုလို စွမ်းဆောင်နိုင်တဲ့ သံလိုက်ကို ဖန်တီးနိုင်ခဲ့တာဟာ superconductor လို ကွယ်ဝှက်ထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကို ရှာဖွေနိုင်မယ့်၊ ရူပဗေဒဖြစ်စဉ်သစ်တွေကို လေ့လာနိုင်မယ့် အားပြင်းသံလိုက်စက်ကွင်းတွေ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ […]