မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်ထားသည့် ကောင်စစ်ဝန်ရုံးချုပ် ဗုံးခွဲ တိုက် ခိုက်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။ အောက်တိုဘာ ၁၈ ရက်နေ့ ညနေက ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ ကောင်စစ်ဝန်ရုံး ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူမရှိသော်လည်း အဆောက်အဦတချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ ဖောက်ခွဲတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချသည်၊ အလွန်တုန်လှုပ်မိသည်ဟု ယမန်နေ့ (အောက်တို ဘာ ၂၁) ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင် ရေးနှင့် အစွမ်းကုန်ကြိုးစားဖမ်းဆီးပေးရန် မြန်မာနိုင်ငံဘက်သို့ လေးလေးနက်နက် တိုက်တွန်းထားသည် ဟု Mr. […]