ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် ယင်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)တို့ကို ထိုးစစ်ဆင်နေသည့် ရခိုင်လက်နက်ကိုင်တပ် AA က မြို့ကိုပိတ်ဆို့ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များကဆိုသည်။ ဧပြီလမှစတင်ပြီး လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် အမ်းမြို့နယ်အတွင်းမှ တိုက်ပွဲများသည် ယခုသီတင်းပတ်အတွင်း ပိုမိုအရှိန်တက်လာကြောင်း၊ ဆက်လက် ပြင်းထန်လာနိုင်သည့် အခြေအနေများလည်းရှိကြောင်း AA ဘက်ကလာသည့် သတင်းများကဆိုသည်။ အာရက္ခတပ်တော် (AA) က အမ်းမြို့အဝင်မှ စစ်ကောင်စီ၏ အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို သိမ်းပိုက်ထားကြောင်း၊ အမ်း-ပဒါန်းလမ်းအပါအဝင် ထောက်ပံ့ရေးလမ်းကြောင်းများကိုလည်း AA ကပိတ်ဆို့ထားသဖြင့် မကွေးတိုင်းဘက်မှ စစ်ကောင်စီတပ် စစ်ကူများရောက်လာနိုင်ရေးမှာ အဟန့်အတား ဖြစ်နေကြောင်း သိရသည်။ သို့သော်လည်း စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာနှင့် စစ်ကူများကို လေကြောင်းမှ ပို့နိုင်သည့် အားသာချက် ရှိနေသေးသည်။ AA က […]